ဘဆွေ (ဘုန်းကြီးဘဆွေ)idt261Mus271ш |comrgW

ဘုန်းကြီးဘဆွေ
ဘုန်းကြီးဘဆွေ
မွေးသက္ကရာဇ် ၁၉၁၅၊
အမည်ရင်း ဘဆွေ
နို်င်ငံ Flag of Myanmar.svg မြန်မာ
မိဘအမည်
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကလောင် အမည်ခွဲများ
အလုပ်အကိုင် စာရေးဆရာ၊
မွေးဖွားရာဒေသ ခရမ်းမြို့နယ် ညောင်ကုန်းရွာ
ထင်ရှားကျော်ကြားမှု


၁၉၁၅၊ ခရမ်းမြို့နယ် ညောင်ကုန်းရွာတွင် မွေးဖွားခဲ့သည်။ ၁၉၂၇ - ၃၁၊ ကြည်မြင်တိုင် ကျောင်ကြီးတိုက်၊ ဘုံပျံ ဆရာတော် ဦးလာဘထံတွင် ပညာသင်ခဲ့သည်။ ၁၉၃၇၊ အိန္ဒိပြည်၊ ဗာရာဏသီမြို့သို့ သွားရောက် ပညာသင်ခဲ့သည်။ Thosophical Collage တွင် သွားရောက် ပညာသင်ခဲ့သည်။ ၁၉၄၁၊ ကာလကတ္တားမှ ပြည်မာပြည်သို့ ပြန်လာပြီး နယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေး တိုက်ပွဲ စတင်ရန်၊ စည်းရုံးပြီး လူသူ လက်နက်များ စုဆောင်းခဲ့သည်။ ၁၉၄၂၊ သခင်လှဖေ (ဗိုလ်လကျာ်)၊ သခင် သိန်းဖေမြင့်တို့နှင့် ပြန်တွေ့ပြီး ဗိုလ်ကျော်ဇော တပ်နှင့်အတူ မုံရွာမြို့ကို သိမ်းပိုက်ရန် တာဝန် ပေးခံရသည်။ မန္တလေးမြို့သို့ ပြန်ရောက်လာသော အခါ ဦးကျော်ငြိမ်းနှင့် အတူ နေထိုင်ခါ တော်လှန်ရေး တာဝန်များ ထမ်းဆောင်ခဲ့သည်။

ရန်ကုန်သို့ ပြန်လာပြီး ဝန်ကြီးချုပ်ရုံးတွင် စတင် တာဝန် ယူခဲ့သည်။ ထို့နောက်တွင် အဓိပတိ ဒေါက်တာဘမော် ရုံးသို့ ထပ်ဆင့် ပြောင်းရွှေ့ရပြီး ယိုးဒယားပြည်ဆိုင်ရာ လျှို့ဝှက် အက္ခရာ အရာရှိ အဖြစ် ၁၉၄၅ အထိ တာဝန် ယူခဲ့သည်။ ၁၉၄၅၊ ပြည်သူ့ ရဲဘော် ပါတီနှင့် ကွန်မြူနစ်ပါတီ အကွဲတွင် လေးထောင့်ကန် သုံးခွသို့ ပြောင်းပြီး ရှမ်းတဲကြီး ကျန်စုဘက်တွင် လုံခြုံရေး အတွက် ဆောင်ရွက်ခဲ့သည်။ ၁၉၄၆၊ ပြည်သူ့ အရေးတော်ပုံ ပါတီကို ဖျက်သိမ်းပြီး ပြည်သူ့ လွတ်လပ်ရေး၊ ဆိုရှယ်လစ်ပါတီကို ပါဝင် ထူထောင်ခဲ့သည်။ ၁၉၄၉၊ ပြည်တွင်းစစ် ဖြစ်ချိန်တွင် (၂၂) ယူအမ်ပီ (UMP) တပ်ရင်းတွင် ငမိုးရိပ် တပ်ခွဲ ၂ ခွဲကို ဖွဲ့စည်းပြီး ခေါင်းဆောင် တိုက်ခိုက်ခဲ့သည်။ ၁၉၅ဝ၊ မဆပလ အစိုးရလက်ထက် သာသနာရေးရာ ဌာနတွင် အထူး အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၆၊ သာသနာရေး ဝန်ကြီးဌာန၊ ဒုတိယ အတွင်းဝန် အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၅၇၊ ဆဋ္ဌသင်္ဂါယနာ တင်ပွဲတွင် အကျိုးတော်ဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၃၊ ဗိုလ်နေဝင်း အာဏာသိမ်း စစ်အစိုးရက ဖမ်းဆီး ထောင်ချခြင်း ခံရကာ သမ္မတ စဝ်ရွှေသိုက် ၊ ဦးကျော်ငြိမ်း၊ ကျားကြီး ဦးဗဆွေတို့နှင့် အတူ ထောင်ထဲတွင် နေခဲ့ရသည်။ ၁၉၆၉၊ ထောင်မှ ပြန်လွတ်လာခဲ့သည်။

၁၉၈၈၊ ဝန်ကြီးချုပ်ဟောင်း ဦးနု ခေါင်းဆောင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်တွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပြီး၊ ဦးနု ဖွဲ့စည်းသော စင်ပြိုင် အစိုးရ အဖွဲ့တွင် ပါဝင်ခဲ့သည်။ ၁၉၉ဝ၊ စင်ပြိုင် အစိုးရ အဖွဲ့ဝင်များ အနက် ကျန်နောက်ဆုံး ငါးဦးတွင် တစ်ဦးအနေဖြင့် နေအိမ် အချုပ်ဖြင့် ၂ နှစ်နှင့် ၂ လကြာ နေခဲ့ရသည်။

ဘ၀နိဂုံး[ပြင်ဆင်ရန်]

၂ဝဝ၇၊ ဇန်နဝါရီလ ၂၈ ရက် တနင်္ဂနွေနေ့ ကွယ်လွန်ချိန် အထိ နိုင်ငံရေး အတွေ့အကြုံများ ဖလှယ်ခြင်း၊ ဆွေးနွေး ဝေဖန်ခြင်း၊ လူငယ်များကို အသိပညာ ပေးခြင်းများ နေ့စဉ် ဆောင်ရွက်ပြီး တိုင်းပြည်နှင့် လူမျိုး ကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် အရွယ်ရှိပြီဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဘဆွေ ကွယ်လွန်ချိန်၊ အသုဘ အခမ်းအနားမှာ ဝေငှခဲ့တဲ့ လက်ကမ်း စာစောင်
v hrcuUu1 X Ga123x Y988 TyNilMий|47nuVvVIiPJjFfNdat

Popular posts from this blog

Catedral de San Pablo de Londresmondiaon ecueco

Saarbrückenपादx Y: 0n2१च[सer_epoion N