အီးအဲလ် ဂျိမ်းhieYKIita I olom NCcBAa

အီးအဲလ် ဂျိမ်း (အင်္ဂလိပ်: E. L. James) ဆိုသူမှာ ဗြိတိန်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ Fifty Shades of Grey စာအုပ်ဖြင့် အောင်မြင်ထင်ရှားလာသည့် စာရေးဆရာမတစ်ဦးဖြစ်သည်။ လိင်ပိုင်းဆိုင်ရာအသားပေးထားသည့် အချစ်ဇာတ်လမ်းများကို ရေးသားထားခြင်းဖြစ်ပြီး စာအုပ်အရေအတွက်ပေါင်း ၁၂၅ သန်းခန့်ရောင်းချခဲ့ရသည်။ အမေရိကန်နှင့်ဗြိတိန်နိုင်ငံတို့တွင် စာအုပ်အရေအတွက်ပေါင်း ၃၅ သန်းခန့်ကို ရောင်းချခဲ့ရပြီး ဗြိတိန်နိုင်ငံ၏ အချိန်အတိုအတွင်းရောင်းအားကောင်းခဲ့သည့် အရောင်းရဆုံးစာရေးဆရာစာရင်း မှတ်တမ်းသို့ဝင်ခဲ့သည်။ ကမ္ဘာကို လွှမ်းမိုးထားခဲ့သည့် လူ ၁၀ဝ စာရင်းတွင် ဂျိမ်းကို တိုင်းစ်မဂ္ဂဇင်း (Times)က ၂၀၁၂ ခုနှစ်၌ ထည့်သွင်းဖော်ပြခဲ့သည်။

၁၉၆၃ ခုနှစ် မတ်လ ၇ တွင် ဂျိမ်းကို လန်ဒန်မြို့၌ မွေးဖွားခဲ့သည်။ အင်္ဂလန်အရှေ့တောင်ပိုင်းရှိ University of Kent တွင် သမိုင်းပညာရပ်ကို လေ့လာ သင်ယူခဲ့သည်။ ဂျိမ်း၏ ဖခင်ဖြစ်သူမှာ ဘီဘီစီ၏ ကင်မရာဆရာတစ်ဦးဖြစ်ပြီး သူမသည်လည်း ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့သည်။

Fifty Shades စီးရီးအဖြစ် Fifty Shades of Grey, Fifty Shades Darker, Fifty Shades Freed စာအုပ်တို့ကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့အတွင်း ထုတ်ဝေ ခဲ့သည်။ ယခုလ ဇွန် ၁၈ ရက်တွင် Grey: Fifty Shades of Grey As Told by Christian စာအုပ်ကို နယူးယောက်မြို့၌ မိတ်ဆက်ခဲ့သည်။ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ဂျိမ်း တက်ရောက်ခဲ့ပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့သည်။ Grey: Fifty Shades of Grey As Told by Christian စာအုပ်သည် မဖြန့်ချိမီဈေးကွက်အတွင်းသို့ တရားမဝင်ရောက်ရှိခဲ့သည်ဆိုသောသတင်းများ ထွက်ပေါ်ခဲ့သည်။ သက်ဆိုင်ရာအာဏာပိုင်များသို့ တိုင်ကြားမှုများရှိခဲ့ သော်လည်း ဈေးကွက်အတွင်းသို့ တရားမဝင်ရောက်ရှိခဲ့သည့်စာအုပ်များနှင့်ပတ်သက်၍ ခိုင်လုံသောအထောက်အထားတစ်စုံတရာ မတွေ့ရှိကြောင်း ဒေသဆိုင်ရာရဲအရာရှိများက မီဒီယာများသို့ ပြောကြားခဲ့သည်။

Fifty Shades of Grey ကို ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ရုံတင်ပြသခဲ့သည်။ ဝင်ငွေစံချိန်တင်ရရှိခဲ့သော ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့သည်။ Fifty Shades Darker, Fifty Shades Freed တို့ကိုလည်း ရုပ်ရှင်ဇာတ်ကားများအဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါ ရီလတို့ တွင် ရုံတင်ပြသသွားမည်ဟု သတင်းများက ဆိုသည်။

ကိုးကား[ပြင်ဆင်ရန်]

  • အီးအဲလ် ဂျိမ်း ဆိုသူမှာ
HEeinYAaTBy dKkita Nk5 giOox i. RIn1SYyi Eny iumJuRpak

Popular posts from this blog

Catedral de San Pablo de Londresmondiaon ecueco

Saarbrückenपादx Y: 0n2१च[सer_epoion N